Print

ဘယ်မှာပိန်ဆေးရှိပါ့မလဲ

  08-Nov-2017
Preview Image

ခပ်ဝဝအမျိုးသမီးငယ်တစ်ဦး ဆေးခန်းသို့ ရောက်လာပြီး ဆရာဝန်အား -


“ညွှန်ကြားသလို ထမင်းစားပြီးတိုင်း ဆရာပေးတဲ့ ဆေးကိုစားတာ မပိန်တဲ့အပြင် ပိုတောင်ဝလာသလိုပဲ ဆရာ ”


“ ဆေးကောမှန်မှန်သောက်ဖြစ်ရဲ့လား။ မေ့တဲ့အခါရှိသေးလား။ ပုံမှန်သောက်မှနော် ”


“ မမေ့ပါဘူး ဆရာရဲ့။ သေသေချာချာ သောက်တာပါ ”


“ ဒါနဲ့ သမီးက ထမင်းကို ဘယ်အချိန်တွေ စားတတ်သလဲ ”


“ အချိန်တော့ ပုံမှန်မရှိဘူး။ အနည်းဆုံး တစ်နေ့ရှစ်ခါလောက်တော့ စားဖြစ်တယ်”


“ ဟိုက် ”


Credit : မှူးအိမ်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18